Updated Log
[ရုပ်ထွက်များ]
အသစ်စက်စက် ဘောင်မပါသော ဒီဇိုင်းသည် ရုပ်ထွက်များ ပို၍ ဆွဲဆောင်မှုရှိစေပြီး အော်ပရေးရှင်းများကို ပို၍ ထိရောက်မှုရှိစေသည်။
OPPO Sans ကို ပုံသေဖောင့်အဖြစ် ထည့်ထားသည်။ ဖောင့်အသစ်သည် လန်းဆန်းသော ခံစားမှုကို ပေးပြီး OPPO ၏ အလှတရားနှင့် နည်းပညာ ရောစပ်မှုတို့နှင့် ကောင်းစွာ လိုက်ဖက်ပါသည်။
[စမတ် ဘေးဘား]
အသုံးပြုသူ အင်တာဖေ့စ်များကို အကောင်းဆုံးလုပ်ထားပြီး လက်တစ်ဖက်သုံး အော်ပရေးရှင်းကို ပိုကောင်းအောင် မွမ်းမံထားသည်။
အက်ပ်ကို အကန့်ခွဲ-စခရင်မုဒ်တွင် ဖွင့်ရန် စမတ် ဘေးဘားမှ ဆွဲထုတ်ပါ။
ဆက်တင်နှစ်ခု ပေါင်းထည့်ထားသည်- အကူအညီပေး ဘောလုံး အလင်းကာနှုန်းနှင့် စခရင်ပြည့် အက်ပ်ပေါ် အကူအညီပေး ဘောလုံးအား ဖျောက်ရန်။
လွင့်မျောဝင်းဒိုးအင်္ဂါရပ်ကို နောက်ထပ် အက်ပ်များအတွက် အကောင်းဆုံးလုပ်ထားသည်။
ပူဖောင်းတစ်ခု ထည့်ပေးထားသည်- အက်ပ်ကို လွင့်မျောဝင်းဒိုးရှိ စမတ်ဘေးဘားမှ ဖွင့်သည့်အခါ ပူဖောင်းတစ်ခုကို ပြသပါသည်။ အက်ပ်အား ခေါက်သိမ်းရန်နှင့် ဖွင့်ရန် ပူဖောင်းကို တို့ထိပါ။
[စခရင်ပုံ]
လက်ချောင်း-3 ချောင်းသုံး စခရင်ပုံရိုက်ခြင်းကို အကောင်းဆုံးလုပ်ထားသည်- စခရင်ကို တို့ထိထားရန် လက်ချောင်း 3 ချောင်း သုံးပါ၊ စခရင်ပုံအရွယ်အစား ချိန်ညှိရန် လက်ချောင်းများကို ပွတ်ဆွဲပါ။ စခရင်ကို တို့ထိထားရန် လက်ချောင်း 3 ချောင်း သုံးပြီး စခရင်ပုံအရှည် ရိုက်ကူးရန် လက်ချောင်းများကို အပြင်ဘက်သို့ ပွတ်ဆွဲပါ။ 
စခရင်ပုံရိုက် ဆက်တင်များ ပေါင်းထည့်ထားသည်- စခရင်ပုံ အစမ်းကြည့် လွင့်မျောဝင်းဒိုး၏ အနေအထားကို ချိန်ညှိနိုင်ပြီး စခရင်ပုံအသံကို သတ်မှတ်နိုင်သည်။
စခရင်ပုံ အစမ်းကြည့် လွင့်မျောဝင်းဒိုးကို အကောင်းဆုံးလုပ်ထားသည်- စခရင်ပုံ ရိုက်ကူးပြီးလျှင် ၎်းကို မျှဝေရန် အပေါ်သို့ ဆွဲတင်ပြီး လွှတ်လိုက်ပါ (သို့) စခရင်ပုံအရှည် ရိုက်ကူးရန် စခရင်ပုံကို အောက်သို့ ဆွဲချပြီး လွှတ်လိုက်ပါ။
[လမ်းညွှန် လက်ဟန်များ 3.0]
လက်ဟန်အသစ်- ရှေ့မှသုံးခဲ့သောအက်ပ်သို့ ကူးပြောင်းရန် စခရင်၏ ဘေးနှစ်ဖက်စလုံးမှ အတွင်းဘက်သို့ ပွတ်ဆွဲပြီး တို့ထိထားပါ။
လက်ဟန်များကို အကောင်းဆုံးလုပ်ထားသည်- အလျားလိုက်မုဒ်တွင် လက်ဟန်အားလုံးကို သုံး၍ရသည်။
ပြီးခဲ့သော စခရင်သို့ ပြန်သွားရန် ဘေးနှစ်ဖက်စလုံးမှ ပွတ်ဆွဲလက်ဟန်များကို သင်က အသုံးပြုချိန်တွင် ယခုအခါ တုန်ခါမှုကို သင်က ဖွင့်နိုင်သည်။
Google လက်ထောက်ကို အကောင်းဆုံး လုပ်ထားသည်- အပေါ်သို့ ပွတ်ဆွဲလက်ဟန်များ (နှစ်ဖက်စလုံးတွင် နောက်သို့ ပြန်သွားသည်) သို့မဟုတ် နှစ်ဖက်စလုံးမှ ပွတ်ဆွဲလက်ဟန်များကို ရွေးချယ်ထားသောအခါ စခရင်၏ အောက်ခြေထောင့်တစ်ဖက်မှ အတွင်းဘက်သို့ ပွတ်ဆွဲခြင်းဖြင့် Google လက်ထောက်ကို သင်က ခေါ်နိုင်သည်။
[စနစ်]
အမှောင်မုဒ် ပေါင်းထည့်ထားသည်- ပါဝါသုံးစွဲမှု လျှော့ချစဉ် သင့်မျက်လုံးများကို ကာကွယ်ပေးသည်။
အာရုံစိုက်မုဒ် ထည့်ထားသည်- သင် စာလေ့လာသင်ယူချိန် (သို့) အလုပ်လုပ်နေချိန်တွင် ပြင်ပအနှောင့်အယှက်များမှ သင့်အား ကာကွယ်ပေးသည်။
အားသွင်းနေကြောင်းပြ အန်နီမေးရှင်းသစ် အားလုံး ထည့်ထားသည်။
ပို၍လွယ်ကူသော လက်တစ်ဖက်သုံး အော်ပရေးရှင်းအတွက် အမြန်ဆက်တင်များ အသုံးပြုသူ အင်တာဖေ့စ်ကို အကောင်းဆုံးလုပ်ထားသည်။
ဘန်နာအသိပေးချက်များ လျစ်လျူရှုရန် ဘယ်/ညာသို့ ပွတ်ဆွဲပါ။
စခရင် ရုပ်သံဖမ်းခြင်းအတွက် ခဏရပ်ရန် လုပ်ဆောင်ချက်ကို ထည့်ထားသည်။
လွင့်မျောဝင်းဒိုးနှင့် စခရင် ရုပ်သံဖမ်းခြင်းအတွက် ဆက်တင်များ ထည့်ထားသည်။
ဖိုင်ဖျက်ခြင်း၊ ဂဏန်းတွက်စက် ကီးတို့ထိမှုများနှင့် သံလိုက်အိမ်မြှောင် ညွှန်တံအတွက် အသံသစ်များ ထည့်ထားသည်။
စနစ်မှ ကြိုတင်-ရယူထားသော မြည်သံများကို အကောင်းဆုံးလုပ်ထားသည်။
ဝင်သုံးနိုင်စွမ်းအတွက် TalkBack လွင့်မျော အရိပ်အမြွက်ပေးခြင်းများ ထည့်ထားသည်။
အမြင်အာရုံချို့တဲ့နေသည့် အသုံးပြုသူများအတွက် အသုံးပြုသူ အတွေ့အကြုံ ပိုကောင်းလာစေရန် အရောင် ဝင်သုံးနိုင်စွမ်းမုဒ်ကို ထည့်ထားသည်။
မကြာသေးမီက အလုပ်များအတွက် စီမံခန့်ခွဲမှု လုပ်ဆောင်ချက်အသစ်- မကြာသေးမီက အလုပ်များနှင့် သော့ခတ်အက်ပ်များဆိုင်ရာ မမ်မိုရီ အချက်အလက်များကို ကြည့်နိုင်သည်။
[ဂိမ်းများ]
ဂိမ်းနေရာအတွက် ရုပ်မြင် အပြန်အလှန်တုံ့ပြန်ရေးကို အကောင်းဆုံးလုပ်ထားသည်။
ဂိမ်းနေရာအတွက် စပွင့်သည် အန်နီမေးရှင်းကို အကောင်းဆုံးလုပ်ထားသည်။
[ပင်မစခရင်]
နောက်ထပ် လှုပ်ရှားနောက်ခံပုံများ။
အနုပညာ + တည်ငြိမ် နောက်ခံပုံများ ပေါင်းထည့်ထားသည်။
ပင်မစခရင်တွင် အောက်သို့ ပွတ်ဆွဲသည့်ခါ ကမ္ဘာအနှံ့ ရှာဖွေရေး (သို့) အသိပေးချက်အံဆွဲကို ဖွင့်-မဖွင့် စိတ်ကြိုက်လုပ်ပါ။
ပင်မစခရင်ရှိ အက်ပ်အိုင်ကွန်များ၏ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် စတိုင်ကို စိတ်ကြိုက်ပြင်ပါ။
သော့ဖွင့်နည်းများ ကူးပြောင်းရန် သော့စခရင်တွင် အထက်သို့ ပွတ်ဆွဲပါ။
လက်တစ်ဖက်သုံး အော်ပရေးရှင်းများ လွယ်ကူစေရန် သော့ဖွင့်စကားဝှက်၏ ဂရပ်ဖစ်ဒီဇိုင်းကို အကောင်းဆုံးလုပ်ထားသည်။
သော့စခရင်တွင် သက်ဝင်နောက်ခံပုံကို ပံ့ပိုးပေးသည်။
နောက်ထပ် စခရင်-ပိတ် နာရီစတိုင်များ
ရိုးရှင်းသော ပင်မစခရင်မုဒ်၊ ဖောင့်အကြီးနှင့် အိုင်ကွန်များနှင့် ပိုရှင်းလင်းသော ခင်းကျင်းမှုကို အသားပေး ထည့်ထားသည်။
[လုံခြုံရေး]
ရည်မှန်းအက်ပ်များ ရှောင်ရန်နှင့် သင့်ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ရန် ဖုန်းကို ကျပန်း MAC လိပ်စာ သုံးနေသော Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ပါ။
[တူးလ်များ]
အမြန်ဆက်တင်များ (သို့) စမတ် ဘေးဘားတွင် ဂဏန်းတွက်စက်ကို လွင့်မျောဝင်းဒိုး၌ ဖွင့်နိုင်သည်။
ရုပ်သံဖမ်းခြင်းများတွင် ဖြတ်တောက်သော အင်္ဂါရပ်ကို ထည့်ထားသည်။
မိုးလေဝသ (ဒိုင်းနမစ်) မြည်သံကို ထည့်ထားပြီး ယင်းက လက်ရှိ မိုးလေဝသကို အလိုက်သင့် အလိုအလျောက် ပြောင်းလဲပေးသည်။
မိုးလေဝသတွင် အလိုက်သင့်-မိုးလေဝသ အန်နီမေးရှင်းများကို ထည့်ထားသည်။
[ကင်မရာ]
ပို၍ကောင်းသော အသုံးပြုသူ အတွေ့အကြုံအတွက် ကင်မရာ UI ကို အကောင်းဆုံးလုပ်ထားသည်။
အချိန်မှတ်စက် UI နှင့် အသံကို အကောင်းဆုံးလုပ်ထားသည်။
[ဓာတ်ပုံများ]
ရှင်းလင်းသော အစဉ်လိုက်စီခြင်းနှင့် ဓာတ်ပုံအမြန်ရှာခြင်းအတွက် အယ်လ်ဘမ် UI ကို အကောင်းဆုံးလုပ်ထားသည်။
မတူညီသော မြင်ကွင်း 80 ကျော်ကို ခွဲခြားအသိအမှတ်ပြုနိုင်သော အယ်လ်ဘမ် အကြံပြုချက်များ ထည့်ထားသည်။
[ဆက်သွယ်ရေးများ]
ပိုမြန်ပြီး ချွတ်ယွင်းမှုကင်းသော ချိတ်ဆက်မှုများအတွက် လှိုင်းခွင်-နှစ်ခုသုံး Wi-Fi ကို ပေါင်းထည့်ထားသည်။
OPPO Share သည် ယခုအခါ Vivo နှင့် Xiaomi စက်များတွင် ဖိုင်များ မျှဝေခြင်းကို ပံ့ပိုးပေးသည်။
ပို၍အကျိုးရှိထိရောက်သော အတွေ့အကြုံအတွက် အဆက်အသွယ်များ UI ကို အကောင်းဆုံးလုပ်ထားသည်။
[ဆက်တင်များ]
ရှာဖွေရေး ဆက်တင်များသည် ယခုအခါ အနည်းငယ်ကိုက်ညီသည်များကိုပါ ရှာဖွေပေးပြီး ရှာဖွေမှတ်တမ်းလည်း ပါရှိသည်။
[အပလီကေးရှင်းများ]
Soloop ဗီဒီယိုအယ်ဒီတာ- တစ်ခါတို့ထိရုံဖြင့် သင့်ဗီဒီယိုကို ဖန်တီးပါ။
ထည့်လိုက်သော DocVault သည် သင့်ဒစ်ဂျစ်တယ် ID ကတ်များကို အလွယ်တကူစီမံခန့်ခွဲရန်နှင့် အသုံးပြုရန် အက်ပ်တစ်ခုဖြစ်သည် (အိန္ဒိယတွင်ရောင်းသော ဖုန်းများပေါ်တွင်သာ ရနိုင်သည်)။

固件信息:

  • OPPO - Reno 10x Zoom(CPH1919) - 固件标识:缅甸
  • OPPO - Reno 10x Zoom(CPH1919) - 版本信息:CPH1919EX_11_C.28
  • OPPO - Reno 10x Zoom(CPH1919) - 刷机方式:卡刷包
1、
本站收录固件均为互联网上收集整理以及网友上传,本站未进行修改。
2、
其分享目的仅供大家学习与交流,如有侵权,请联系网站客服QQ615864070及时删除。
3、
访问本站的用户必须明白,本站对提供下载的资源不拥有任何权利,其版权归该资源的合法拥有者所有。
4、
未经本站的明确许可,任何人不得盗链本站下载资源;不得复制或仿造本网站或者在所属的服务器上建立资源。
5、
用户必须明白,访问、下载、购买或使用本站提供的任何资源均属于个人自愿行为。为此造成的任何问题均与本站无关,本站不承担任何责任。
6、
本站不对任何因刷机造成的手机故障负责,刷机有风险,动手须谨慎!不同意者请不要下载使用。
7、
在购买本站任何资源前您有义务去了解相关功能或服务的作用和危害,本站不会另行通知所选功能或服务的相关作用和危害,为此造成的任何问题均与本站无关,本站不承担任何责任。
8、
用户必须明白,一旦访问、购买、下载或使用本站提供的任何资源均视为默认已阅读并同意以上说明,如不同意,请立即停止购买。
资源下载

资源地址

此隐藏内容仅限购买后查看。